Breaking News >> News >> Kachin News Group (KNG)


မုံရွာတွင် PDF ထောင်ထားသော မိုင်းကွင်းကို အရပ်သားအသွင်ယူ ရှာဖွေနေသည့်အဖွဲ့ကို PDF သတိပေး


Link [2022-05-25 08:52:05]



စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းတွင် PDF တပ်ဖွဲ့များ ထောင်ထားသည့်မိုင်းကွင်းများကို အသွင်ပြောင်းကာ ရှာဖွေစုံစမ်းနေသည့် လူတစ်စုကို သပြေညိုပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း သိရသည်။ စစ်ကောင်စီ ရန်မှ ကာကွယ်ရန်နှင့် နယ်မြေလုံခြုံရေးအတွက် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းများကို စစ်ကောင်စီတပ်လက်ပါးစေ လူငယ်တစ်စုက အသွင်ပြောင်းကာ စုံစမ်းဖော်ထုတ်နေသဖြင့် အဆိုပါအဖွဲ့ကို ၂ ကြိမ်တိုင်တိုင် ဖမ်းမိခဲ့သော်လည်းဆက်လက်လုပ်ဆောင်နေသောကြောင့် နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း သပြေညို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။ “မတ်လပိုင်းမှာ သူတို့ကိုပထမဆုံးအကြိမ်မိတယ်။ အဲ့လိုလုပ်နေတာတွေ့လို့သူတိူ့ကိုဖမ်းပြီးစစ်တယ်။ ကလေးတွေကော ပါတဲ့အတွက် နောက်မလုပ်ဖို့သတိပေးပြီးပြန်လွတ်ပေးခဲ့တယ်။ ကျနော်တို့ကတော့ ပုံမှန် ပြည်သူတွေထဲက ပိုက်ဆံရလို့ လုပ်မိလုပ်ရာ လုပ်ကြတာထင်ပြီး ၂ ကြိမ်အထိပြန်လွတ်ပေးခဲ့တာ။ လွန်ခဲ့တဲ့ သုံးရက်မှာလည်း အမိုင်းကွင်းမှာတွေ့လို့ သေနတ်ပစ်ဖောက်ပြီး ခြိမ်းခြောက်ခဲ့တယ်”ဟု တာဝန်ရှိသူတစ်ဦးက...



Most Read

2024-09-18 22:40:29