Breaking News >> News >> Kachin News Group (KNG)


ခင်ဦးမြို့နယ် နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၃၀ ဦး သေဆုံးပြီး PDF နှစ်ဦးကျဆုံး


Link [2022-04-16 14:13:02]



စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း စစ်ကောင်စီတပ်နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ၃၀ ဦးသေဆုံးကာ PDF ဘက်မှ နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။ ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်က ဦးဆောင်ပြီး အခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၇ ဖွဲ့ပါဝင်သည့်အဖွဲ့သည် ဧပြီလ ၁၄ ရက်နေ့တွင် ပျဥ်ထောင်ကျေးရွာရှိ စစ်ကောင်စီစခန်းနှင့် ခင်ဦးရဲစခန်းတို့ကိုသွားရောက်တိုက်ခိုက်ခဲ့သည်။ “၁၄ ရက်နေ့က နေ့လယ် ၁၂နာရီလောက်ကနေစပြီး ပျဥ်ထောင်ရွာမှာရှိတဲ့ စကစတွေနဲ့ ပျူတွေရှိတဲ့နေရာတွေကို ဒရုန်းတွေနဲ့ချတယ် ပစ်ခတ်မှုတွေလည်းလုပ်တယ် အဲ့မှာ စကစဘက်က ခြောက်ယောက်ကျတယ် ခင်ဦးရဲစခန်းကိုလည်း Drone နဲ့ပဲတိုက်ခိုက်တာ ၃ ယောက်ကျပါတယ်” ဟု ခင်းဦး PDF မှ တာဝန်ရှိသူကပြောသည်။ အလားတူ ဧပြီလ ၁၅...

The post ခင်ဦးမြို့နယ် နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၃၀ ဦး သေဆုံးပြီး PDF နှစ်ဦးကျဆုံး appeared first on Kachin News Group (KNG).



Most Read

2024-09-21 06:15:09