Breaking News >> News >> Kachin News Group (KNG)


ကလေး PDF တပ်ရင်း ၃ စခန်း စီးနင်းခံရပြီး တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး


Link [2022-04-14 18:34:11]



စစ်ကိုင်းတိုင်း ကလေး ပြည်သူ့ကာကွယ်ရေးတပ်၏ တပ်ရင်း ၃ စခန်း ဝင်ရောက်စီးနင်းခံလိုက်ရပြီးနောက် တပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း Kalay PDF မှ သိရသည်။ စစ်ကောင်စီတပ် အင်အား ၁၅၀ ကျော်ပါသော စစ်ကြောင်းသည် ဧပြီ ၁၂ ရက်နေ့ ကလေးမြို့ အနောက်မြောက်တွင် စခန်းချထားသည့် Kalay PDF တပ်ရင်း ၃ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အင်အား မမျှသဖြင့် PDF တပ်ဖွဲ့ဝင်များ စခန်းကို စွန့်လွတ်လိုက်ရကြောင်း Kalay PDF တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ”တောထဲကို ထင်းခုတ်သွားတဲ့ဒေသခံတွေ တချို့က စခန်းကိုတွေ့ခဲ့လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်မေးမြန်းပြီး အင်အားအများအပြားနဲ့ ဝင်သိမ်းခံရတာလို့ သိရတယ်။ သူတို့က လက်နက်ကြီးတွေနဲ့ရမ်းပစ်ပြီး ဝင်စီးတာဗျ ပြန်လည်ခုခံရင်းနဲ့ တပ်ဖွဲ့ဝင်တစ်ဦး...

The post ကလေး PDF တပ်ရင်း ၃ စခန်း စီးနင်းခံရပြီး တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး appeared first on Kachin News Group (KNG).



Most Read

2024-09-20 21:17:37