Breaking News >> News >> Kachin News Group (KNG)


ကချင် စစ်ကိုင်းနယ်စပ် စစ်ဆေးရေးဂိတ် ၂ ခုကို အင်းတော် PDF က တိုက်ခိုက်သဖြင့် ၄ ဦး သေဆုံး


Link [2022-04-04 10:32:32]



စစ်ကိုင်းတိုင်း အင်းတော်မြို့နှင့် နန့်စီးအောင်လမ်းပိုင်းအသုံးပြုခဟုဆိုကာ ကားသမားများထံ ငွေကြေးကောက်ခံနေသော အင်းတော်မြို့နယ် စစ်ကောင်စီစစ်ဆေးရေး ဂိတ်နှစ်ခုကို အင်တော်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဧပြီလ ၃ရက်နေ့ ညပိုင်းက အင်းတော်-နန့်စီးအောင်ကြား နတ်မဟုတ်ကြီး ကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေး ဂိတ် ၂ ခုကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး မှ KNG သတင်းဌာန သို့ ပြောသည်။ “အင်းတော်နယ်ထဲ မှာကို လေးခုလောက်ရှိတယ် ဂိတ်တွေက ဆောက်လုပ်ပြီးစတွေရော ဆောက်လုပ်စ တွေကောရှိတယ်။ လာသမျှကုန်ကားတွေဆီက ငွေတွေ လိုက်တောင်းနေတာ အဲ့ထဲက ဂိတ်နှစ်ခုကို တိုကခိုက်ခဲ့ပါတယ်။ သေဆုံးတာက လေးယောက်ပါ တချို့က ထွက်ပြေးသွားတယ် ပြန်လည် ခုခံလာတော့ နောက်ဆုတ်လိုက်တယ်” ဟု...

The post ကချင် စစ်ကိုင်းနယ်စပ် စစ်ဆေးရေးဂိတ် ၂ ခုကို အင်းတော် PDF က တိုက်ခိုက်သဖြင့် ၄ ဦး သေဆုံး appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:38:42