Breaking News >> News >> Kachin News Group (KNG)


ထီးချိုင့်မြို့အဝင် ဂိတ်ကို PDF မိုင်းဆွဲတိုက်ခိုက်၊ နှစ်ဦး သေ သုံးဦးဒဏ်ရာရ


Link [2022-03-26 15:55:19]



ထီးချိုင့်မြို့အဝင် ကက္ကိုကုန်းလမ်းဆုံ ဂိတ်ကို ယနေ့ နံနက်ပိုင်းက ထီးချိုင့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီစစ်သား ၂ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများအထိုင်ချထား အဆိုပါ ဂိတ်ကို ထီးချိုင့် PDF မိုင်းဖြင့် နှစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”ခုနှစ်နာရီခွဲမှာတစ်ကြိမ် ကိုးနာရီခွဲမှာတစ်ကြိမ် နှစ်ကြိမ်ဆွဲလိုက်တယ်ဗျ မနက်က ပထမအကြိမ်တုန်းကတော့ သုံးယောက်ထိခိုက်ဒဏ်ရာရတယ် အဲ့ဒါကိုထီးချိုင့်ဆေးရုံပို့လိုကတယ် ကိုးနာရီခွဲမှာဆွဲတာကတော့ နှစ်ယောက်ကျသားတယ်ဗျ”ဟု ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရသော်လည်း လမ်းသွားလမ်းလာ ပိတ်ထားခြင်းမျိုးမရှိပဲ ပုံမှန်သွားလာခွင့်ပြုထားဆဲဖြစ်သည်။ ”သူတို့က အမြဲတမ်းအဲ့ဂိတ်မှာတော့ ကားတွေကိုအမြဲတမ်းပိုက်ဆံတွေတောင်းတယ်။ နှစ်လလောက်ရှိပြီ။...

The post ထီးချိုင့်မြို့အဝင် ဂိတ်ကို PDF မိုင်းဆွဲတိုက်ခိုက်၊ နှစ်ဦး သေ သုံးဦးဒဏ်ရာရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:30:59