Breaking News >> News >> Kachin News Group (KNG)


ပုလဲမြို့ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အုပ်ချုပ်ရေးမှူးအိမ်များကို ပုလဲ PDF တစ်ချိန်တည်း ဝင်တိုက်


Link [2022-02-07 15:32:21]



စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့ရှိ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် ဗျူစောထီးအဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲတွင် ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးနှင့် ဗျူစောထီးအဖွဲ့ဝင်လေးဦး၊ ဒလံတစ်ဦး စုစုပေါင်းလေးဦး ထိခိုက်သေဆုံးခဲ့ကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။ “ဖြစ်စဉ်ကတော့ ညကိုးနာရီလောက်ကစတယ်ည ၁၁ နာရီလောက်မှာပြန်ထွက်ခဲ့ကြတာ အဖွဲ့သုံးဖွဲ့ခွဲပြီး တော့ ဝင်တိုက်ခဲ့တာဟုတ်တယ်။ အဲ့ဒီမှာ တစ်ဖွဲ့ကတော့ ပုလဲမြို့ရဲ့ အရှေ့ဘက်ခြမ်းအစွန့်ဆုံးကရဲစခန်း ကိုသွားတိုက်တယ်။ တစ်ဖွဲ့ကကြတော့ပုလဲမြိုု့ရဲ့မြောက်ဘက်အစွန်းဆုံးမှာရှိတဲ့ထွေအုပ်ရုံးကို ဝင်တိုက် တယ် နောက်တစ်ဖွဲ့ကြတော့ စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့လက်ခံထားတဲ့ပုလဲမြို့ရဲ့အနောက် ဘက်ခြမ်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးအိမ်ကို သွားတိုက်တယ် အဲ့မှာကတော့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ် ခဲ့တယ်။” ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက...

The post ပုလဲမြို့ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အုပ်ချုပ်ရေးမှူးအိမ်များကို ပုလဲ PDF တစ်ချိန်တည်း ဝင်တိုက် appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:52:35