Breaking News >> News >> Kachin News Group (KNG)


ကချင်ပြည်နယ်ရှိ NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ၏ နေအိမ် ထပ်မံ ချိတ်ပိတ်ခံရ


Link [2022-05-27 14:13:54]



ကချင်ပြည်နယ် NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ နေအိမ်များကို စစ်ကောင်စီတပ်မှ ယခုလအတွင်း ချိတ်ပိတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအထိ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး နှင့် လက်ရှိ သယံဇာတဝန်ကြီး ဦးတူးခေါင်၏ နေအိမ် ကိုသာ ချိတ်ပိတ်ခဲ့သော်လည်း ယခုလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ၏ နေအိမ်ကို ထပ်မံ ချိတ်ပိတ်ခဲ့ကြောင်း NLD ပါတီ ကချင်ပြည်နယ် အလုပ်မှုဆောင် ဦးဝင်းနိုင် ပြောသည်။ “ကျနော့အိမ်ကတော့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက ချိတ်ပိတ်သွားတာ။ ခုနောက်ဆုံးကြားနေရတာတော့ ဗန်းမော် လွှတ်တော် ကိုယ်စားလှယ်၊ ပူတာအိုက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေလည်း ချိတ်ပိတ်ခံလာရတယ်။ ပြီး‌တော့ ထောင်ဒဏ်ချမှတ်ထားခံရပြီး ဖြစ်တဲ့ မိုးညှင်းကိုယ်စားလှယ်ကိုလည်း လူတစ်ယောက်လုံးကိုတောင် ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး ထောင်ချထားတာ သူ့နေအိမ်ပါ...



Most Read

2024-09-18 22:40:25