Breaking News >> News >> Kachin News Group (KNG)


မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်တွင်ပေါက်ကွဲမှုဖြစ်၊ MPT Cable ပုံးပျက်စီးသွား


Link [2022-01-30 00:13:04]



ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ Asia Energy စက်သုံးဆီအရောင်း ဆိုင်အနီးတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရှိ MPT Cable ပုံးထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်စဥ်သည် ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဖြစ်စဥ်နှင့်ပတ်သက်၍ မြို့သစ်ကြီးရပ်ကွက်နေအမျိုးသားတစ်ဦးက ယခုကဲ့သို့ဆိုသည်။ ”မနက်သုံးနာရီခွဲကပေါက်ကွဲတာ ချိန်ကိုက်မိုင်းလား ပစ်မိုင်းလာတောင်မသိလိုက်ဘူး အစောကြီးဆိုတော့ အသံတော့ကျယ်တယ်။ မနက်စောကြိီးဆိုတော့ လူသွားလူလာမရှိသေးတော့ တခြားထိခိုက်တာမရှိဘူးသိရတယ်။သို့ပေမယ့်အဲ့ဒီ ဆီဆိုင်အနီးက MPT ပုံးတစ်ခုတော့ တစ်စစီပျက်စီးသွားတယ်။”ဟု အမည်မဖော်လိုသည့် မြို့သစ်ကြီး ရပ်ကွက်နေသူ အမျိုးသားတစ်ဦးကပြောသည်။ ယင်းပေါက်မှုသည် Asia Energy ဆီဆိုင်နဲ့ ပေ သုံးဆယ်ခန့်အကွာတွင်ရှိသည့် MPT Cable ပုံးအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဆီဆိုင်သည် စစ်တပ်အာဏာသိမ်းသည့်နောက် အာဏာပိုင်များနှင့်ဆက်နွယ်သည်ဟုဆိုကာ သပိတ်မှောက်မှုများရှိခဲ့ပြီး ဆီဆိုင်စတင်တည်ဆောက်ချိန်ကာလ ၌လည်းအနီးပတ်ဝန်ကျင်ရှိရပ်ကွက်နေပြည်သူများကဆီဆိုင်တည်ဆောက်မှုကို အလိုမရှိကြောင့်ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများရှိခဲ့သည်။ မြစ်ကြီးနားမြို့တွင်းတွင်...

The post မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်တွင်ပေါက်ကွဲမှုဖြစ်၊ MPT Cable ပုံးပျက်စီးသွား appeared first on Kachin News Group (KNG).



Most Read

2024-09-21 14:42:35