ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရဲ့ အနောက်ဘက်ခြမ်း အဝေးပြေးလမ်းမပေါ်အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသံများထံမှ သိရသည်။ “မနေ့ညရော တိုက်ပွဲဖြစ်တယ် အဲနေရာမှာဘဲ ဒီနေ့လည် ၁၂ နာရီ ခန့်ကနေပြန်စတာ ခုထိ လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်သံတွေပါ ကြားနေရတယ်” ဟု ကွတ်ခိုင်ဒေသခံ တစ်ဦးကပြောသည်။ အဆိုပါ တိုက်ပွဲသည် ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄နာရီဝန်းကျင်မှ စတင်ဖြစ်ပွားနေခြင်းဖြစ်ကာ လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ပန်တေးနဲ့ ကုန်းဆာရွာတွင် ဒေသခံအများစု ၂၀၂၁ ခုနှစ်မှ စစ်ဘေးရှောင်သွားခဲ့ပြီး ဖြစ်သော်လည်း အိမ်ခြေအနည်းငယ်သာကျန်ရှိနေသေးကြောင်း အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ “ခုတိုက်ပွဲဖြစ်တဲ့ရွာမှာ လူနည်းနည်းဘဲ ရှိတော့တယ် ဒါပေမယ့်အဲရွာကရှောင်သွားတဲ့ စစ်ရှောင်တွေသွားနေတဲ့...
The post ကွတ်ခိုင်မြို့အနောက်ဘက် စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲ ပြင်းထန်နေဆဲ appeared first on Kachin News Group (KNG).
2024-09-21 14:40:55