Breaking News >> News >> Kachin News Group (KNG)


KIO နယ်မြေရှိ စစ်ရှောင်အမျိုးသမီးများအတွက် လစဉ်သုံး ကူညီမှုများ လိုအပ်နေ


Link [2022-05-30 16:19:54]



ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းများတွင် အမျိုးသမီးဦးရေများပြားလာသောကြောင့် လစဉ်သုံး (pad) ထုတ်ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။ လက်ရှိ ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများမှာလည်း အမျိုးသမီးလစဉ်သုံးထောက်ပံ့မှု နည်းပါးနေသောကြောင့် အပြင်ဈေးဆိုင်များတွင် ဈေးကြီးပေးပြီး ဝယ်ယူအသုံးပြုနေရသည်ဟု ဖွန်လွမ်ယန် စစ်ရှောင်စခန်း မှ အမျိုးသမီးများ ပြောသည်။ “အခုက ကျမတို့ကို ထောက်ပံ့တာတွေ မရှိသလောက်ဖြစ်သွားပြီ။ မနှစ်ကနေ နိုင်ငံရေးမကောင်းတော့ အဲ(pad) က မပေးတာကြာပြီ။ ကုန်ဈေးနှုန်းကလည်းတတ် အရင်ကဆို Pad တစ်ထုတ် ၈၀၀ ပေါ့။ အခုက ၁၄၀၀ လောက် ဈေးကြီး ပေးရတယ်ဆိုတော့ လုံလောက်အောင် မဝယ်သုံးနိုင်ကြဘူး။” ဟု ဖွန်လွမ်ယန်စစ်ရှောင်စခန်းမှ အမျိုးသမီးတာဝန်ခံ ဆရာမ ကိုင်ထန်က ပြောပါသည်။ ဖွမ်လွမ်ယန် စစ်ရှောင်စခန်းတွင် စစ်ရှောင်လူဦးရေ စုစုပေါင်း...



Most Read

2024-09-18 22:42:21