Breaking News >> News >> Kachin News Group (KNG)


KIO ၏ စစ်တပ်ထုတ်ကုန် တားမြစ်ချက် ထိရောက်ကြောင်း ဒေသခံအချို့ပြောဆို


Link [2022-04-09 14:13:22]



ဖားကန့်မြို့နယ်တွင် စစ်တပ်၏ ကျောထောက်နောက်ခံ အကျိုးတူ စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားမှု မပြုလုပ်ရန် ဖေဖော်ဝါရီလကုန်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတိပေးတားမြစ်တားမြစ်ချက်သည် ထိရောက်မှုရှိကြောင်း ဖားကန့်ဒေသခံများ ပြောဆိုချက်မှ သိရသည်။ KIO ၏ တားမြစ်ချက် ထုတ်ပြန်သတိပေးလိုက်သည့်နောက်ပိုင်း ဖားကန့်ဒေသတွင် ရောင်းဝယ်ဖောက်ကား မှုများ လျော့နည်းသွားသည်ကို မြင်တွေ့ရသည့် ဖားကန့်မြို့ပေါ် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။ “ဖားကန့်မှာရှိတဲ့ စျေးဆိုင်တော်တော်များများက လိုက်နာမှုရှိတယ်လို့ပြောလို့ရတယ်။ KIO က ထုတ်ပြန်ချက်ထုတ်လိုက်တဲ့ နောက်ပိုင်း စစ်တပ်ထုတ်ကုန် အရက်ဘီယာတွေ သိပ်မတွေ့ရတော့ဘူး။ ဒါပေမယ့် တစ်ချို့က သတိပေးတာတွေ မတိုင်မှီ အများအပြားဝယ်ထားတဲ့သူတွေက အနည်းအကျဉ်း ရောင်းချပေးနေတာတော့ကြားတယ်။ ပေါ်ပေါ်ထင်ထင် ရောင်းတာတွေတော့ သိပ်မတွေ့ရတော့ဘူး။ တစ်ချို့နေရာတွေမှာတော့ သိပ်ရောင်းချနေသေးတယ်လို့တော့ကြားရတယ်” ဟု ပြောဆိုသည်။ ၂၀၂၂...

The post KIO ၏ စစ်တပ်ထုတ်ကုန် တားမြစ်ချက် ထိရောက်ကြောင်း ဒေသခံအချို့ပြောဆို appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:31:01