Breaking News >> News >> Kachin News Group (KNG)


KIO ဗဟို ဌာနချုပ်အနီး ကားလမ်းဖောက်ရန် စစ်ကောင်စီ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲ ပြင်းထန်


Link [2022-03-18 05:53:21]



KIO ဗဟိုဌာနချုပ်နဲ့ နီးတဲ့ ဖလပ်ဘွမ်ဘက်ကို စစ်ကောင်စီတပ်တွေဟာ လမ်းဖောက်စက် ယန္တရားတွေနဲ့အတူ တက်လာတာကြောင့် မတ်လ ၁၂ ရက်နေ့ ညနေပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့နယ် ဆမားကနေ  တရုတ်နယ်စပ်အနီးက ပုန်းလိန်စခန်းအထိ လမ်းဖောက်ဖို့ အခုလို ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက  KNG ကို ပြောပါတယ်။ “အဲဒီနေရာက ကျွန်တော်တို့ဘက် ၂၀၁၈ လောက်မှာ ဆုံးရှုံးလိုက်ရတဲ့ နေရာဖြစ်တယ်။ အဲဒီဘက် ကားလမ်းမပေါက်သေးဘူး ဆိုတော့ ထောက်ပို့လမ်းမရှိသေးဘူး၊ ဒါကိုသူတို့ကားလမ်းဖောက်ဖို့ လုပ်နေတယ်။ ကားလမ်းဖောက်မယ်ဆိုရင် ကျွန်တော်တို့ တပ်စခန်းတွေကို ကျော်ဖြတ်ရအုံးမှာဖြစ်တယ်။ ဒီလမ်းဟာ ဗျူဟာကျတဲ့လမ်းလည်းဖြစ်တယ်။ ပုန်းလိန် ကျော်ပြီဆိုရင် တရုတ်နေစပ်ကိုရောက်ပြီ။” လက်ရှိ လမ်းဖောက်လုပ်ဖို့အတွက် စစ်ကောင်စီတပ်အသုံးပြုတဲ့ တပ်တွေကတော့ တပ်မ ၈၈ နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ...

The post KIO ဗဟို ဌာနချုပ်အနီး ကားလမ်းဖောက်ရန် စစ်ကောင်စီ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲ ပြင်းထန် appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:48:46