Breaking News >> News >> Kachin News Group (KNG)


KIO ဌာနချုပ် လိုင်ဇာမြို့သို့ ဝင်ရောက်လာသည့် အမျိုးသမီးတစ်ဦးတွင် အိုမီခရွန်လက္ခဏာတွေ့ရှိ


Link [2022-02-17 19:35:06]



ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့  ၀င်ရောက်လာသည့် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်-Omicron လက္ခဏာရှိသည့်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။ “ဟိုတလောက ရန်ကုန်ကနေ၀င်လာတဲ့ တစ်ယောက်ကို ဆရာ၀န်တွေစစ်ကြည့်တော့ အိုမီခရွန်လက္ခဏာနဲ့ အရမ်းတူနေလို့ လူနာကိုတခြားမှာ သီးသန့်စောင့်ကြည့်လူနာအဖြစ် သီးခြားခွဲထားတယ်” ဟု KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဗိုလ်မှူးကြီး ဟိန်း၀မ်က KNG ကချင်သတင်းဌာနကို ပြောသည်။ အဆိုပါ အိုမီခရွန်ရောဂါ သံသယလူနာသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မှ ဝင်ရောက်လာသူဖြစ်ကာ လက်ရှိချိန်တွင် သီးခြားစောင့်ကြည့်လူနာအဖြစ်ထားရှိသည့်အပြင် ဆက်စပ်သူများအား စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိထားကြောင်း ၎င်းက ဆက်ပြောသည်။ ထို့ပြင် လိုင်ဇာမြို့တွင်း ဖေဖော်ဝါရီလ နှစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးထိရှိသည့်ခဲ့အပြင်  ကိုဗစ်မျိုးကွဲသစ်အိုမီခရွန်-Omicron...

The post KIO ဌာနချုပ် လိုင်ဇာမြို့သို့ ဝင်ရောက်လာသည့် အမျိုးသမီးတစ်ဦးတွင် အိုမီခရွန်လက္ခဏာတွေ့ရှိ appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:40:11