Breaking News >> News >> Kachin News Group (KNG)


စစ်တပ်ထုတ်ကုန်ပစ္စည်း ရောင်းချမှုတားမြစ်ချက် ထိရောက်ကြောင်း KIO ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူများပြော


Link [2022-01-22 18:51:13]



ကချင်ပြည်နယ်တွင် စစ်ကောင်စီထုတ်ကုန်ပစ္စည်းဖြစ်သော အရက်ဘီယာများ တင်သွင်းရောင်းချမှု နည်းပါးသွားပြီဟု KIO အုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က အာဏာသိမ်းစစ်တပ်နှင့် အကျိုးတူလုပ်ဆောင်နေသော Myanmar Beer ၊ Dagon Beer နှင့် ABC စသောကုန်ပစ္စည်းများကို ၂၀၂၂ ဇန်နဝါရီလ ၁၀ရက်နောက်ပိုင်း ရောင်းဝယ်ခွင့်ပိတ်ပင်လိုက်ကြောင်း ဇန်နဝါရီလ ၄ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ်အတွင်းရှိ KIO အုပ်ချုပ်ရေးခရိုင်အသီးသီးက သတိပေးစာ ထုတ်ပြန်ခဲ့သည်။ သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် KIO အနေဖြင့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်တို့တွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေပြီး ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များတွင် တင်သွင်းရောင်ချမှု ရပ်တန့်ထားသည်ကိုမြင်တွေ့ရသည်ဟု KIO မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “အခုချိန်မှာကတော့ ကျနော်တို့ဘက်ကနေ သတိပေးထားပြီဖြစ်တဲ့အတိုင်း လိုက်လံစစ်ဆေးမှုတွေကို ပြုလုပ်နေပြီ။...

The post စစ်တပ်ထုတ်ကုန်ပစ္စည်း ရောင်းချမှုတားမြစ်ချက် ထိရောက်ကြောင်း KIO ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူများပြော appeared first on Kachin News Group (KNG).



Most Read

2024-09-21 14:51:10