Breaking News >> News >> Kachin News Group (KNG)


KIO နယ်မြေမှ စစ်ရှောင်အချို့ နေရပ်ပြန်ရန် စီစဉ်နေ


Link [2022-01-22 18:51:13]



ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ် နယ်မြေ တရုတ်နယ်စပ် ရှအစ်ယန်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူအချို့သည် မိမိနေရပ်ဖြစ်သော မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်ရှိ ဂါးရာယန်ကျေးရွာသို့ နေရပ်ပြန်ရန် စီစဉ်နေသည်ဟု သိရသည်။ ရှအစ်ယန် (Sha it yang) စစ်ရှောင်စခန်းတွင် ခိုလှုံနေသော ဂါးရာယန်ကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု (၉၃) စုသည် နေရပ်ပြန်လိုသည့်အတွက်် စစ်ရှောင်ကူညီစောင့်ရှောက်ရေးကော်မတီရုံးသို့ စာ၂ ကြိမ်တင်သွင်းထားကြောင်း ရှအစ်ယန် စစ်ရှောင်စခန်းတာဝန်ခံ ဆရာဇော်ရှန်က KNG ကချင်သတင်းဌာနကို ပြောသည်။ “ကျနော်တို့ ရှာအစ်ယန်စစ်ရှောင်စခန်းမှာက အနယ်နယ်အရပ်က စစ်ဘေးရှောင်လာသူတွေ အများကြီးရှိတဲ့ထဲကမှ ဂါးရာယန်က သူတွေက သူတို့နေရပ်ကို ပြန်ချင်ပြီပြောလို့ ကျနော်တို့ အနေနဲ့ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီရုံးကို စာတင် ပေးတာပဲရှိတယ်။ ၂ ကြိမ် ရှိပြီ စာတင်ထားတာ။” ဟု ပြောပါသည်။...

The post KIO နယ်မြေမှ စစ်ရှောင်အချို့ နေရပ်ပြန်ရန် စီစဉ်နေ appeared first on Kachin News Group (KNG).



Most Read

2024-09-21 14:42:35