Breaking News >> News >> Kachin News Group (KNG)


စစ်ကောင်စီတပ် ယာဉ်တန်းကို မိုးကောင်းတွင် KIAနှင့် PDF မိုင်းဆွဲတိုက်ခိုက်


Link [2022-03-09 21:14:25]



ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့မှ ယမန်နေ့ ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ မတ်လ ၈ ရက်နေ့ ည ၇နာရီခန့် အချိန်တွင် မန္တလေးဘက်မှ မြစ်ကြီးနားသို့ တက်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်း ၁၀စီးခန့်ကို မိုးကောင်း တောင်နီကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တောင်နီကျေးရွာ ရပ်ကွက်တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ ”စစ်ယာဥ်တန်းကိုတိုက်ခိုက်တာပါ။ ဖြစ်တဲ့နေရာက ကျွန်တော် တို့တောင်နီထဲမှာပဲဗျ။ အကျအဆုံးကတော့ ရှိမရှိမသိရဘူးဗျ။ ကျွန်တော်တို့က တပ်နဲ့လည်းဝေးတယ်။ အကျဆုံးရှိမရှိတော့ သေချာမသိဘူး” ဟု ရပ်ကွက်တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုးဖြစ်ပွားပြီးနောက် မိနစ် ၂၀ ကျော်ခန့် အကြာအပြန်အလှန်ပစ်ခတ်သည့် သေနတ်သံများကြားရပြီး စစ်ကောင်စီတပ်ဘက်က...

The post စစ်ကောင်စီတပ် ယာဉ်တန်းကို မိုးကောင်းတွင် KIAနှင့် PDF မိုင်းဆွဲတိုက်ခိုက် appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:50:35