Breaking News >> News >> Kachin News Group (KNG)


ဟိုပင်မြို့အရှေ့ဘက် စစ်ကောင်စီတပ် နှင့် KIA ၊ PDF တပ်တို့ တိုက်ပွဲဖြစ်ပွားနေ


Link [2022-02-11 19:56:40]



မိုးညှင်းခရိုင် ဟိုပင်မြို့နယ် နမ်ဂျွမ့်ကျေးရွာ (Nam Jun Mare)အနီးတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ယနေ့နံနက် ၁၁နာရီဝန်းကျင်မှစကာ တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။   ယနေ့နံနက် ၇နာရီခန့်အချိန်မှ ဟိုပင်မြို့အခြေစိုက် ခလရ ၄၀ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်က KIA တပ်မဟာ ၈ လက်အောက်တပ်ရင်း ၄၁ နယ်မြေတွင် စစ်ကြောင်း ၂ခုဖြင့် ဝင်ရောက်ထိုးစစ်ဆင်လာသောကြောင့် နမ်ဂျွမ်ကျေးရွာအနီး စံပယ်တောင်ခြေအောက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ရှေ့တန်း KIA သတင်းအရင်းမြစ်တစ်ဦးထံမှ သိရသည်။   “တိုက်ပွဲဖြစ်တာက ၁ နာရီဝန်းကျင်ရှိလာပြီ။ စစ်ကောင်စီဘက်က KIA ရှိတဲ့ဘက်ကို ထိုးစစ်ဆင်လာလို့ PDF ၂ဖွဲ့ နှင့် KIA...

The post ဟိုပင်မြို့အရှေ့ဘက် စစ်ကောင်စီတပ် နှင့် KIA ၊ PDF တပ်တို့ တိုက်ပွဲဖြစ်ပွားနေ appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:44:56