Breaking News >> News >> Kachin News Group (KNG)


ပူတာအိုမြို့အနီး KIA တပ်များကို ရှင်းလင်းရန် စစ်ကောင်စီတပ် အင်အားတိုးချဲ့


Link [2022-04-07 16:53:05]



ပူတာအိုမြို့အနီး ကချင်လွတ်လပ်ရေးတပ်တော် KIA ကို ရှင်းလင်းရန်နှင့် နယ်မြေစိုးမိုးရန် စစ်ကောင်စီတပ် အင်အား ရာချီ တန်ဂျာနှင့် လုန်ရှာယန်ကျေးရွာတွင် အင်အားတိုးချဲ့ ထားသည်ဟု သိရသည်။ ယခုအပတ် ဧပြီ လဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည် ပူတာအိုနှင့် ဆွမ်ပရာဘွမ် ဘက်ခြမ်းမှ စစ်ကြောင်း ၂ ကြောင်း အင်အား ၃၀၀ ဝန်းကျင်ခန့်ဖြင့် လုန်ရှာယန်အုပ်စုအတွင်းသို့ ဝင်ရောက်လာကာ ကျေးရွာ လူနေအိမ်များတွင် တပ်စွဲထားကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။ စစ်ကောင်စီဘက်မှ ယခုလို ပြည်သူများနှင့် ရောနှောကာ ကျေးရွာအတွင်း စစ်အင်အားအများအပြားဖြင့် ဝင်ရောက်နေထိုင်သောကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း လုန်ရှာယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။ “ဒီမှာ စစ်ကောင်စီဘက်က စစ်ကြောင်းပြန်ထိုးလာတာက ၁ ပတ်လောက်ရှိလာပြီ။...

The post ပူတာအိုမြို့အနီး KIA တပ်များကို ရှင်းလင်းရန် စစ်ကောင်စီတပ် အင်အားတိုးချဲ့ appeared first on Kachin News Group (KNG).



Most Read

2024-09-21 07:44:46