Breaking News >> News >> Kachin News Group (KNG)


ဟိုပင်မြို့နှင့် ၂မိုင်ခန့်အကွာတွင် KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်


Link [2022-03-20 02:53:26]



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့နှင့် ၂မိုင်ခန့်အကွာသော နန့်ရင်းကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA/PDF တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသတင်းရရှိသည်။ ယနေ့နံနက် ၇နာရီဝန်းကျင်ခန့်မှ ဟိုပင်မြို့၏ အရှေ့ဘက်ခြမ်းရှိ နန့်ရင်းချောင်းအနီး KIA နှင့် PDF ရှိသည့် တိန်လုံပါဘက်သို့ စစ်ကောင်စီတပ် ၂၀၀ ခန့်ကဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကိုအတည်ပြုပြောဆိုသည်။ “အခုတိုက်ပွဲဖြစ်တဲ့နေရာက တိန်လုံပါမှာဟုတ်တယ်။ KIA နဲ့ PDF ရှိတဲ့ဘက်ကို စစ်ကောင်စီစစ်သားတွေဝင်လာလို့ ပြန်ခုခံတိုက်ပွဲဟုတ်တယ်။ အခုချိန်အထိတော့ ထိခိုက်မှုမသိသေးဘူး”ဟုပြောဆိုသည်။ ယခုလိုစစ်ကောင်စီဘက်က KIAနှင့် PDF ရှိသည့်နေရာဘက်တွင် ဝင်ရောက်လှုပ်ရှားမှုသည် ပြီးခဲ့သော မတ်လ ၁၆ရက်နေ့ ဟိုပင် ပြည်သူ့စစ်ဗိုလ်ကြီးပစ်ခတ်ခံရသောကြောင့်ဖြစ်နိုင်သည်ဟု သူဆက်ဆိုထားသည်။ ဟိုပင်မြို့အနီးတိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဟိုပင်ဒေသခံတစ်ချို့မှာ တိုက်ပွဲ ပြင်းထန်လာမည်ကိုစိုးရိမ်သဖြင့် မြို့ပေါ်စျေးဆိုင်များလည်း ပိတ်ထားကြောင်းသိရသည်။...

The post ဟိုပင်မြို့နှင့် ၂မိုင်ခန့်အကွာတွင် KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန် appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:51:43