Breaking News >> News >> Kachin News Group (KNG)


မိုးမောက်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား


Link [2022-02-17 19:35:06]



ကချင်ပြည်နယ် မိုးမောက်မြို့ ခါနန်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နေ့လယ်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့် KIA တပ်စွဲထားသည့် မိုးမောက်မြို့ ခါနန်ရပ်ကွက်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ကို ဝဝမ်ကျေးရွာ နှင့် ခါနန်ရပ်ကွက်ကြားတွင် KIA မှ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ခါနန်ရပ်ကွက်နေ အမျိုးသားတစ်ဦး KNG သတင်းဌာနသို့ ပြောသည်။ ”တိုက်ပွဲဖြစ်တာဟုတ်တယ် စစ်ကောင်စီတပ်တွေက KIA ရှိတဲ့နေရာကို သိသိကြီးနဲ့စစ်ကြောင်းထိုးလာတာဗျ။ အဲ့ကြောင့် KIA ဘက်ကလည်း ဒီတိုင်းငြိမ်ထားလို့မရဘူးဆိုတဲ့ အနေအထားမှာ တိုက်ပွဲဖြစ်တာအခုဖြစ်နေတာက ခါနန်ထိပ်မှာဖြစ်နေတာ ဒီခါနန်မှာက လွန်ခဲ့တဲ့ လေးလလောက်ကတည်းက KIA...

The post မိုးမောက်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား appeared first on Kachin News Group (KNG).



Most Read

2024-09-21 13:02:56