Breaking News >> News >> Kachin News Group (KNG)


မုံးကိုး ဖောင်းဆိုင်ကြား စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်


Link [2022-02-15 21:15:04]



မုံးကိုးမြို့မှ ဖောင်းဆိုင်ဘက်သို့ သယ်ဆောင်လာသော စစ်ကောင်စီ စစ်အင်အားနှင့် ရိက္ခာယာဉ်တန်းကို ယနေ့ မွန်းလွဲပိုင်းတွင် KIA ကတိုက်ခိုက်ခဲ့ရာကား၂စီးပျက်စီးသွားကြောင်းသိရသည်။ ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မုံးကိုးနဲ့ ဖောင်းဆိုင်ကြား တစ်နေရာမှာ စစ်ကောင်စီရိက္ခာနဲ့ စစ်အင်အားသယ်ဆောင်လာတဲ့ ယာဉ်တန်းကို KIA  တပ်ရင်း ၃၆ က ဗုံးပစ်လက်နက်ကြီးနဲ့ ကြားဖြတ်တိုက်ခိုက်ရာ ကား၂ စီး ပျက်စီးသွားသည်ဟု ရှေ့တန်းသတင်းအရင်းမြစ်တစ်ဦး KNG ကိုယခုလိုပြောသည်။ “ဖောင်းဆိုင်ဘက်ကို သူတို့ လုံခြုံရေးတွေနဲ့ စစ်အင်အားဖြည့်ဖို့ နဲ့ရိက္ခာသယ်လာတဲ့ကားဟုတ်တယ်။ နေရာတော့ နာမည်မသိဘူး မုံးကိုးနဲ့ဖောင်းဆိုင်ကြားဟုတ်တယ်။ KIA က ဗုံးပစ်လက်နက်ကြီးနဲ့ ကား ၂ စီးပစ်ခတ် ပျက်စီးပေးလိုက်တာ။KIA တော့ပစ်ပြီး သွားလိုက်ပြီ။ စစ်တပ်ဘက်က မိနစ်ပိုင်း ပြန်ပစ်နေသေးတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။ ယခုချိန်...

The post မုံးကိုး ဖောင်းဆိုင်ကြား စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက် appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:35:43