Breaking News >> News >> Kachin News Group (KNG)


ပူတာအိုတွင် စစ်ကောင်စီနှင့် KIA စစ်ရေးတင်းမာပြီး ဒေသခံများ တောထဲထွက်ပြေးနေရဆဲ


Link [2022-02-09 12:53:27]



ပူတာအိုမြို့နယ် လုန်ရှာယန်၊ ဖတ်မာ နှင့် ဆွမ်ပီယန်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ဒေသခံများမှာ နေရပ်မပြန်နိုင်ဘဲ တောထဲ ထွက်ပြေးနေရသည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် လုန်ရှာယန်နှင့် ဖတ်မာကျေးရွာ ၂ခုကြားတွင် ပူတာအိုဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF ပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လုန်ရှာယန်နှင့်ဖတ်မာ ဒေသခံ အိမ်ခြေ ၆၀၀ ဝန်းကျင်ခန့်မှာ နီးစပ်ရာ တောတွင်းသို့ တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။ လက်ရှိ တောတွင်းတိမ်းရှောင်နေရသူများမှာ ကျေးရွာသို့ပြန်လည်နေထိုင်ချင်သော်လည်း စစ်ကောင်စီဘက်က လေကြောင်း သုံးတိုက်ခိုက်လာနိုင်သည်သာမက မချမ်းဘော စစ်တပ်ကုန်းမှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေသောကြောင့် တောတွင်း...

The post ပူတာအိုတွင် စစ်ကောင်စီနှင့် KIA စစ်ရေးတင်းမာပြီး ဒေသခံများ တောထဲထွက်ပြေးနေရဆဲ appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:59:47