Breaking News >> News >> Kachin News Group (KNG)


မိုးညှင်း မော်ဟန် ရဲစခန်းကို KIA တိုက်ခိုက်ရာတွင် အရာရှိ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရ


Link [2022-02-03 13:33:53]



မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ရဲအရာရှိတစ်ဦးနှင့် စစ်ဗိုလ်တစ်ဦး သေဆုံးပြီး ထိခိုက်သူ ၃ ဦး ရှိခဲ့သည်ဟု သိရသည်။ ယနေ့နံနက် အစောပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် KIA နှင့် PDF အဖွဲ့က မော်ဟန်ကျေးရွာဝင်တွင်ရှိသော ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ စုပေါင်းနေထိုင်သည့် တပ်စခန်းကို လက်နက်ကြီးများဖြင့် သွာရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သလို စခန်းများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းအရင်းမှ အတည်ပြု ပြောဆိုထား သည်။ “ရဲစခန်းကို သွားသိမ်းတာက မနက်ပိုင်း ၃နာရီလောက်မှာဟုတ်တယ်။ ထိခိုက်မှုက ရဲအရာရှိတစ်ယောက်နဲ့ စစ်ဗိုလ်တစ်ယောက် ၂ ယောက်က အဲ့မှာပွဲချင်းပြီးဆုံးသွားတယ်။ ဒဏ်ရာရတာက ၃ယောက်လောက်ရှိတယ်။...

The post မိုးညှင်း မော်ဟန် ရဲစခန်းကို KIA တိုက်ခိုက်ရာတွင် အရာရှိ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:34:06