Breaking News >> News >> Kachin News Group (KNG)


ကွတ်ခိုင်မြို့ ဗျူဟာကုန်း ၊ နမ့်ခိုင်တံတားနှင့် နမ့်ခမ်းအနီးရှိ စစ်ကောင်စီတပ်၏ စခန်းများကို KIA မှ တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်


Link [2022-02-02 07:53:33]



ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားနှင့် နမ့်ခမ်းတို့တွင်ရှိသည့် စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းနှင့် ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁ နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ စစ်ကောင်စီတပ်၏ ဗျူဟာကုန်း၊ နမ့်ခမ်းစစ်ကောင်စီတပ်နှင့် နမ့်ခိုင်တံတားစောင့်တပ် တို့ကိုလည်း တပြိုင်ထဲ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်း သတင်း ရင်းမြစ် တစ်ဦးက ပြောသည်။ “ကွတ်ခိုင် ခလရ ၂၄၁ တပ်ဖွဲ့တွေ တန်းစီနေတာကို လက်နက်ကြီးနဲ့ ကျွေးလိုက်တယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဒေသခံများ၏ ပြောပြချက်အရ KIA ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကွတ်ခိုင်ဗျူဟာကုန်းတွင် ၆၀ မမ ဗုံးသီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့‌ကြောင်း ၎င်းက ဆက်ပြောသည်။...

The post ကွတ်ခိုင်မြို့ ဗျူဟာကုန်း ၊ နမ့်ခိုင်တံတားနှင့် နမ့်ခမ်းအနီးရှိ စစ်ကောင်စီတပ်၏ စခန်းများကို KIA မှ တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက် appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:36:39