Breaking News >> News >> Kachin News Group (KNG)


ရှမ်းမြောက် မုံးပေါ် စစ်ကောင်စီ ယာယီစခန်းတစ်ခုကို KIA မီးရှို့ ဖျက်ဆီး


Link [2022-01-30 00:13:04]



ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ မုံးပေါ်ဒေသ ဆမာကျေးရွာနှင့် မန်ကန်ကျေးရွာကြားတွင် ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီနှင့် KIA တပ်ရင်း ၃၆ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ ယာယီတပ်စခန်းတစ်ခုကို KIA က သွားရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီနေ့ နေ့လည်ပိုင်း ၁၁ ခွဲကနေ ၁၂ ခွဲထိ တိုက်ပွဲဖြစ်ပြီးတော့ စစ်တပ်ရဲ့ ရှေ့တန်းစခန်းချထားတဲ့နေရာကို KIA က သွားပြီး မီးရှု့ဖျက်ဆီးခဲ့တာဖြစ်တယ်။ ဒီမနက်ပိုင်း ဟူနားဘက်ကနေ ဝိန်းဆိုင်ဘက် တက်လာတဲ့ စစ်တပ်နဲ့ မန်ကန်နဲ့ ဆမာကြား တိုက်ပွဲဖြစ်ကြတာဟုတ်တယ်။ မန်ကန်က ဒေသခံတစ်ချို့ ဝိန်းဆိုင်ဘုရားကျောင်းကို ပြန်ထွက်ပြေးရတယ်။” ဟု ဆမာဒေသခံတစ်ဦး KNG ကို ပြောသည်။ ယနေ့ မနက်ပိုင်း ဝါယုံဟူးနားကျေးရွာ မှ ဝိန်းဆိုင်သို့...

The post ရှမ်းမြောက် မုံးပေါ် စစ်ကောင်စီ ယာယီစခန်းတစ်ခုကို KIA မီးရှို့ ဖျက်ဆီး appeared first on Kachin News Group (KNG).



Most Read

2024-09-21 14:36:09