Breaking News >> News >> Kachin News Group (KNG)


ယင်းမာပင် Hero Tiger Force စခန်းနှစ်ခု ဖြိုခွဲခံရ


Link [2022-03-12 15:42:28]



စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် Hero Tiger Force စခန်းနှစ်ခု ယနေ့ နံနက်ပိုင်းက ဖြိုခွဲခံလိုက်ရကြောင်း သိရသည်။ ယနေ့ နံနက် ၈ ခန့်အချိန်ခန့် စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်သည် ယင်မာပင်မြို့နယ် ကျွန်းလေးပင်ရွာအနီးတွင် စခန်းချထားသည့် Hero Tiger တပ်ဖွဲ့၏ စခန်းနှစ်ခုကို အင်အားအလုံးအရင်းဖြင့်ဝင်ရောက်စီးနင်ခဲ့သောကြောင့် တပ်ဖွဲ့ဝင်များ နောက်ဆုတ်ခဲ့ရပြီး ယင်းစခန်းနှစ်ခုကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း Hero Tiger Force အဖွဲ့ခေါင်းဆောင်က KNG သတင်းဌာနသို့ ပြောသည်။ “ကျွန်နော်တို့မှာ စခန်းက နှစ်ခုခွဲထားတာဗျ။ အဲ့ဒီနှစ်ခုလုံး ဖြိုခွဲခံလိုက်ရတာ နှစ်ခုလုံးကို မီးရှို့သွားတာ။ ကျွန်တော်တို့မှာ ဘာမှမရှိတော့ဘူး။ စခန်းနောက်ဘက်ကနေ လက်နက်ကြီးတွေ ထုပြီးတော့ ဝင်လာတာဗျ။ ကျနော့်ရဲဘော်တွေက ပြန်ဆုတ်ခဲ့တာ...

The post ယင်းမာပင် Hero Tiger Force စခန်းနှစ်ခု ဖြိုခွဲခံရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 09:41:40