Breaking News >> News >> Kachin News Group (KNG)


တန့်ဆည် စျေးတိုက်တန်းကို စစ်ကောင်စီမီးရှို့၊ အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီပစ်သတ်


Link [2022-06-11 14:55:57]



တန့်ဆည်မြို့ပေါ်ရှိ စျေးသူစျေးသားများနေသည့် တိုက်တန်းကို စစ်ကောင်စီ က မီးရှို့ခဲ့ပြီးနောက် သေနတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးလည်း ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တန့်ဆည်မြို့ ၊ လမ်းဆုံမြို့ ပေါ်ရပ်ကွက် ဘုရားတိုက်တန်းကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီခွဲအချိန်မှ စတင်ကာ မီးရှို့ခဲ့ပြီး ယနေ့ နံနက်ပိုင်းအထိ တိုက်ခန်းပေါင်း ၃၇ ခန်းမီးလောင်ခဲ့သည်။ ထို့နောက် အမျိုး သမီးငယ်တစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင့် စစ်ရှောင်များအရေးကူညီဆောင်ရွက်ပေးနေသည့် တန့်ဆည်မြို့နေ အမျိုးသမီးတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “ညပိုင်းရှစ်နာရီကနေ မီးအတင်ခံရတာပေါ့။ စကစကရှို့ တာအဲ့မှာက အိမ်ဌားနေတဲ့လူလည်းရှိတယ်။ ကိုယ်ပိုင်တိုက် ခန်းလည်းရှိတယ် အကုန်လုံးက စျေးသူစျေးသားတွေပါ။ ဒီဘက်ကလည်း ဘာမှလုပ်တာပြုတာမရှိဘူး။ ဒါပေမယ့် ပြည်သူတစ်ယောက်ကိုတော့...



Most Read

2024-09-08 02:42:08