Breaking News >> News >> Kachin News Group (KNG)


အရာတော်မြို့နယ်မှာ တစ်ပတ်အတွင်း ပြည်သူ ၁၃ ဦး ထိ သတ်ဖြတ်ခံခဲ့ရ


Link [2022-06-02 21:18:06]



စစ်ကိုင်းတိုင်း အရာတော်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ ၁၃ ဦးထိ သေဆုံးသူ ရှိလာကြောင်း ဒေသ သတင်းရင်းမြစ်မှ သိရသည်။ အရာတော်မြို့နယ်တွင် မေလ ၂၀ ရက်နေ့မှစတင်ကာ ဝင်ရောက်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် ၎င်းတို့ဝင်ရောက်လာသည့် ကျေးရွာတစ်လျှောက်မှ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ပစ်ခတ်မူများ ပြုလုပ်လာသည့်အတွက် တစ်ပတ်အတွင်း သတ်ဖြတ်ခံရသည့် ပြည်သူ ၁၃ ဦးထက်မနည်း ရှိလာကြောင်း သိရသည်။ “လက်နက်ကြီးနဲ့ပစ်တော့ ပြေးတဲ့သူတွေကပြေးကြတာပေါ့ ပြေးရင်းနဲ့ အဲ့ချိန်မှာ လူသုံးယောက်ကို ပြေးလို့မလွတ်တဲ့ pdfတွေထင်ပြီးပစ်လိုက်တဲ့ပုံပဲ အဲ့မှာ အဘွားကြီးတစ်ယောက်နဲ့အမျိုးသားနှစ်ယောက်ကိုသတ်ထားတယ်။ ပြီးတော့ တစ်ချို့က စစ်ကြောင်းဝင်လာတာမကြားဘဲနဲ့အရက်သောက်ပြီး ကျန်နေခဲ့တဲ့သူတွေလည်း သတ်ခံရတယ်”လို့ ဒေသရင်းမြစ်က ပြောသည်။ အသတ်ခံရသည့် ပြည်သူ ၁၃ ဦးမှာ ဂဲ့သားမွှေးရွာမှ ပြည်သူ(၁)ဦး၊ ရွှေတွင်းကုန်း ရွာမှ...



Most Read

2024-10-18 06:03:45