Breaking News >> News >> Kachin News Group (KNG)


နတ်ချောင်းကျေးရွာတွင် သုံးရက်ဆက်တိုက်တိုက်ပွဲပြင်းထန်၊ နတ်ချောင်းရွာ ၅ ကြိမ်မြောက်မီးရှို့ခံရ


Link [2022-06-02 21:18:06]



စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များကြား သုံးရက်ကြားတိုက်ပွဲ ပြင်းထန်နေကြောင်းသိရပြီး နတ်ချောင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ငါးကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ကလေးမြို့မှ အင်အား ၂၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သည် မေလ ၃၁ရက်နေ့မှ စတင်ကာ နတ်ချောင်းကျေးရွာတွင်းသို့ တပ်စွဲနေထိုင်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့သောကြောင့် သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး နတ်ချောင်းရွာကိုလည်းစစ် ကောင်စီတပ်က ၅ကြိမ်တိုင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “နတ်ချောင်းဘက်မှာတော့ စစ်ကြောင်းတွေထိုးပြီးတော့ ထိတွေ့မှုတွေဖြစ်နေတယ်အခုလည်း လက်နက် ကြီးသံတွေကြားနေရတယ် ရွာကိုမီးရှို့တာလည်းသုံးရက်ရှိပြီ အခု ၅ ကြိမ်မြောက်ရွာကိုဝင်တယ်။ သူတို့ ရွာကနေမခွာဘူး ရွာမှာတပ်စွဲပြီးတော့ အင်အား ၂၀၀ ကျော်လောက်ရှိတယ် သုံးရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်” ဟုဒေသခံတစ်ဦးကပြောသည်။ ယင်းတိုက်ပွဲတွင်ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နယ်မြေခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် CNF တပ်ဖွဲ့နှင့်...



Most Read

2024-09-08 02:59:05