Breaking News >> News >> Kachin News Group (KNG)


အရာတော်မြို့နယ်တွင် ၅ရက်အတွင်း အိမ်ခြေတစ်ရာကျော် မီးရှို့ခံရ


Link [2022-05-30 16:19:54]



စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မှ ဒီနေ့ မေလ ၃၀ ရက် ၅ရက်အတွင်းမှာ အိမ်ခြေတစ်ရာကျော် မီးရှို့ဖျက်စီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးထံ မှ သိရသည်။ “မေလ ၂၀ ရက်နေ့မှာ ထန်းတောကုန်းမှာ တိုက်ပွဲဖြစ်တယ်။ စပြီးစစ်ကြောင်းထိုးတာက ၂၅ရက်နေ့ကစဝင်တယ်။ ၂၆ မှာ ရွှေတွင်းကုန်းကို မီးဝင်ရှို့တယ် အရှို့ခံရတဲ့အိမ်ခြေက တစ်ရာကျော်လောက်ရှိပြီ တစ်ချို့ရွာတွေကို ၆အိမ်၇အိမ်ပဲရှို့တာ တော်လှန်ရေးလုပ်တဲ့အိမ်တွေပေါ့ ဆိုကြပါစို့ ပြည်သူတွေကမပြေးနိုင် အဲ့ပြည်သူတွေကို မေးတာပေါ့။ ဘယ်အိမ်ကခေါင်းဆောင် ဘယ်အိမ်ကထုတ်လုပ်ရေးလုပ်တာတုန်း အဲ့လိုအိမ်တွေပဲရွေးရှို့သွားတာလို့” ဟု မီးရှို့ခံရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး အဆိုပါ ဒေသခံက ဆိုသည်။ မီးရှို့ဖျက်စီးခံခဲ့ရသည့် အိမ်ခြေတစ်ရာကျော်မှာ လိန်လှ၊ သစ်ချို၊ အုပ်ရှစ်ကြီး၊ အုပ်ရှင်းကြီး၊ ဖုတ်ကုံး၊ ဟင်္သာ၊ ရွှေတွင်းကုန်း စသည့်ရွာများကဖြစ်ပြီး...



Most Read

2024-09-18 22:41:13