Breaking News >> News >> Kachin News Group (KNG)


ဆန္ဒပြလူစုခွဲချိန်တွင် ဖမ်းခံခဲ့ရသည့် အမျိုးသားတစ်ဦး ထောင်ထဲတွင် သေဆုံး


Link [2022-05-30 16:19:54]



ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်တွင် ပြီးခဲ့သောနှစ် ဒီဇင်ဘာလ စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန် ဖမ်းခံခဲ့ရသည့် ဦးကျော်မင်း ခေါ်သူသည် မေလ ၂၈ ရက်ည ၁၁ နာရီခန့်တွင် နှလုံးဖောက်ကာ သေဆုံးသွားသည်ဟု ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ “ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ၂၀ရက်နေ့က မရှီကထောင်ရပ်ကွက်က ဆန္ဒပြလူစုကွဲချိန်မှာဖမ်းခံရတဲ့ အုပ်စု ၁၄ ယောက်ထဲမှာ ပါတဲ့ ဦးကျော်မင်း ဆိုတဲ့အမျိုးသားပါတယ်။ အဲ့ဒါ မေလ ၂၈ ရက်ညက နှလုံးဖောက်ပြီးတော့ဆုံးသွားတယ် သိရတယ် “လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသွားသည့် ဦးကျော်မင်းသည် အသက် ၅၈ နှစ် ရခိုင်လူမျိုးဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်း ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ်တစ်နှစ်ကျော် ချမှတ်ခံထားရသူ ဖြစ်သည်။ ဦးကျော်မင်းသေဆုံးချိန်တွင်...



Most Read

2024-09-18 22:40:37