Breaking News >> News >> Kachin News Group (KNG)


မိုးညှင်း-နမ့်စီးအောင် ကြားရှိ စစ်တပ် စစ်ဆေးရေးဂိတ် အားလုံး ပြန်ရုပ်သိမ်း


Link [2022-05-28 11:57:46]



ကချင်ပြည်နယ် မိုးညှင်းမြို့ နှင့် နမ့်စီးအောင်ကြားလမ်းပိုင်း ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များ အားလုံး ပြန်ရုတ်သိမ်းသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ မိုးညှင်း နှင့် နမ့်စီးအောင် လမ်းပိုင်းတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့ နောက်ပိုင်း စစ်တပ် စစ်ဆေးရေးဂိတ် ၄ ခုအထိ ထပ်တိုးလာခဲ့သော်လည်း ယခု ပြန်လည်ရုပ်သိမ်းသွားပြီ ဖြစ်ကြောင်း မော်ဟန် ကျေးရွာနေ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “မိုးညှင်း-နန့်စီးအောင်လမ်းပိုင်းကတော့ အခုအေးဆေးပဲဗျ ဂိတ်တွေလည်းမရှိတော့ဘူး သိမ်းသွားပြီ။ သိမ်းသွားတာ နည်းနည်းကြာပြီ။ အခုက နန့်စီးအောင်ဂိတ်တစ်ခုထဲပဲရှိတော့တယ်။ အားလုံးကို တစ်ပြိုင်နက်ထဲ သိမ်းသွားတာ အခုကတော့ သွားတာ လာတာလည်း ချောချောမွေ့မွေ့ပဲ စစ်ဆေးရေးဂိတ်တွေ မရှိတော့” ဟု...



Most Read

2024-09-18 22:42:53