Breaking News >> News >> Kachin News Group (KNG)


လားရှိုး-မြစ်ကြီးနား ခရီးသည်ယာဉ်ပေါ်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ


Link [2022-05-28 11:57:46]



ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင်ပူးပေါင်းရေးဂိတ်တွင် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ လားရှိုးမှ မြစ်ကြီးနားသို့ ပြေးဆွဲနေသည့် ဂျိမ်းဖော့သူခရီးသည်ယာဉ် ပေါ်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း ကချင်ပြည်နယ် ပုဂ္ဂလိကယာဉ်များ ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦး ထံမှ သတင်းရရှိသည်။ မူးယစ်ဆေးဝါး တန်ဖိုးမှာ ကာလပေါက်စျေး မြန်မာငွေကျပ် ၃၇၂ သိန်းခန့်ရှိပြီး မိုးညှင်းမြို့နယ် နမ့်စီးအောင် ပူးပေါင်းရေးဂိတ်တွင် စစ်ဆေးရှာဖွေရာမှ အဖြူရောင်ပီနံအိတ် ၂ အိတ် အနက်အိတ်တစ်အိတ်အတွင်းမှ လက်ဖက်ခြောက်များနှင့် ရောနှောကာ ဖမ်းဆီးရမိသည်ဟု သိရသည်။ “ကော်မတီက အရေးယူတာမျိုးတော့ မရှိပါဘူး။ ဒါက ရဲပိုင်းနဲ့ ဆိုင်တာပေါ့။ ကျနော်တို့ကတော့ ဘာမှမလုပ်ပါဘူး ပုံမှန်အတိုင်းတော့ပြေးဆွဲခိုင်းတယ်။ ကိုယ်ဖြစ်ကိုယ်ပေါ့ သူတို့အမူပြီးအောင်ရင်ဆိုင်ပေါ့ သူတို့အပိုင်းတွေပေါ့ ရဲတို့ဘာတို့ နန်စီးအောင်မိုးညှင်းပိုင်းအလိုက်ပေါ။ ကျနော်တို့ဘက်ကတော့ ဘာမှညွှန်ကြားချက်မထုတ်ပါဘူး”...



Most Read

2024-09-18 22:41:37