Breaking News >> News >> Kachin News Group (KNG)


ဖားကန့် စစ်ကောင်စီတပ် လက်နက် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်


Link [2022-05-27 14:13:54]



ဖားကန့်မြို့နယ် မိုးကာကျေးရွာထိပ်တွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သည် ကျေးရွာထိပ်မှ နေ၍ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မိုးကာ ကျေးရွာနေ အမျိုးသားတစ်ဦး ထိမှန်ခဲ့ကြောင်း သိရသည်။ ဆိပ်မူကျေးရွာအုပ်စုရှိ မိုးကာကျေးရွာတွင် လွန်ခဲ့သည့် မေလ ၂၃ရက်နေ့က စတင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ တပ်စခန်းတစ်ခုသည် ယနေ့ မေ ၂၇ ရက်နေ့ နံနက် ၇နာရီအချိန်ခန့်က လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး ကျည်ထိမှန်ပြီး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။ “အခုစကစအဖွဲ့တွေက အရပ်ဝတ်တွေနဲ့ လက်နက်တွေရမ်းပစ်နေတာရှိတယ်။ ၄၀ မမ တွေကော ပစ်တယ် လက်နက်ငယ်တွေကောပစ်တယ်။ ပစ်တော့အရပ်သားတစ်ယောက်မှန်သွားတယ်။ အမျိုးသား တစ်ယောက်သိပ်တော့ မစိုးရိမ်ရပါဘူး။ လက်မောင်းကိုမှန်သွားတယ်။ အဲ့ဒီရွာက လူတွေတစ်ရွာလုံးကတော့ တံခါးတွေ...



Most Read

2024-09-18 22:41:25