Breaking News >> News >> Kachin News Group (KNG)


ဆွမ်ပရာဘွမ် ကျေးလက်ကျန်းမာရေး ဝန်ထမ်းနေအိမ်အတွင်း ပစ္စည်းများကို စစ်ကောင်စီတပ် ယူဆောင်သွား


Link [2022-05-26 19:12:21]



ဆွမ်ပရာဘွမ်မြို့နယ် ခဂရန်းယန်ကျေးရွာ ကျေးလက်ဆေးခန်းမှ CDM ကျန်းမာရေးဝန်ထမ်း ဆရာမများ၏ သော့ခတ်ထားသည့် အိပ်ဆောင်ကို စစ်ကောင်စီ တပ်သားများ ရိုက်ဖွင့်ခဲ့ပြီး အခန်းတွင်းပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများထံ မှ သိရသည်။ မြစ်ကြီးနား မှ ပူတာအိုဘက်သို့ တက်လာသည့် စစ်ကောင်စီတပ် စစ်ရိက္ခာသယ်ယဉ်တန်းသည် ဆွမ်ပရာဘွမ် မြို့နယ် ခဂရန်းယန်ကျေးရွာတွင် မေလ ၁၆ ရက်နေ့က စတင်ဝင်ရောက်ခဲ့ပြီး ခဂရန်းယန်ကျေးရွာအတွင်းရှိ စာသင်ကျောင်း ၊ ကျေးလက်ဆေးခန်း နှင့် လူနေအိမ်များတွင် တပ်စွဲနေထိုင်ခဲ့စဉ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “ဆရာမတွေရဲ့အိပ်ခန်း အဝတ်အစားနဲ့ စာရွက်တွေ အကုန်ရှုပ်ဖွနေတယ်။ အခန်းမှာကျန်နေတဲ့ပစ္စည်း ဘာမှ သိပ်မရှိတော့ဘူး။ သော့ကိုရိုက်ဖွင့်ပြီး အခန်းမှာ အိပ်ကြတယ်ထင်တယ်။ ဘာမှ သွားမပြောရဲဘူး။ ရှေ့အပတ် လောက်က စစ်ကောင်စီယာဉ်တန်း လာတဲ့ချိန်ထင်တယ်။...



Most Read

2024-09-18 22:42:05