Breaking News >> News >> Kachin News Group (KNG)


စစ်ကောက်စီပစ်ခတ်သော လက်နက်ကြီးကြောင့် အသက် ၇၀ ကျော်အရွယ်အဖိုးအို တစ်ဦး သေဆုံး


Link [2022-05-26 16:10:18]



ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင် စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ရာ သက်ကြီးရွယ်အိုတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်းသိရသည်။ မတ် ၂၅ ရက်နေ့တွင် ည ၈ နာရီဝန်းကျင် ကံသစ်ကျေးရွာဘက်သို့ စစ်ကားလေးစီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို ကံသစ်ကျေးရွာမရောက်မှီလမ်းခုလတ်နေရာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာခဲ့သောကြောင့် ကံသစ်ကျေးရွာဘက်တွင် လက်နက်ကြီးယမ်းသမ်းပစ်ခတ်သည့်အတွက် အသက် ၇၀ ကျော်အရွယ် အဖိုးအိုတစ်ဦးလက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “သူတို့ကမနက်ကတည်းကနေစစ်ကြောင်းထိုးဝင်လာတာဗျ အဲ့စစ်ကြောင်းကို ကံသစ်ရွာမရောက်ခင်မှာ အဖွဲ့တစ်ဖွဲ့ ဘယ်အဖွဲ့ဆိုတာတော့ စုံစမ်းဆဲပဲသူတို့ကနေ မိုင်းဆွဲတိုက်ခိုက်တာ အထိနာခဲ့တော့ လက်နက်ငယ်အချက် ၂၀၀ လောက်ပစ်တယ်။ လက်နက်ကြီး ၁၀ ချက်ပစ်တာ ကံသစ်ထဲမှာလည်းကျတယ်အဲ့မှာ အိမ်ပြင်ထွက်နေတဲ့အဖိုးအို တစ်ယောက်ကိုထိမှန်သွားတယ်”ဟု ၎င်းကပြောသည်။ အဆိုပါလက်နက်ကြီး ကျည်ထိမှန်ခဲ့ သည့် အဖိုးအိုအား Khin U...



Most Read

2024-09-18 15:45:28