Breaking News >> News >> Kachin News Group (KNG)


နေအိမ် မီးရှို့ခံရသော ယင်းမာပင် ပြည်သူသုံးထောင်ကျော် စစ်ဘေးရှောင်နေရ


Link [2022-05-26 09:06:26]



စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ အောင်ချမ်းသာကျေးရွာ နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအား စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ပြည်သူသုံးထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ စစ်ကောင်စီတပ် အင်အား ၇၀ ကျော်သည် ယမန်နေ့ မေလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် အောင်ချမ်းသာ ကျေးရွာသို့ ဝင်ရောက်လာပြီး လူနေအိမ်အများအပြား မီးရှို့ခဲ့သည့်အတွက် လတ်တလောတွင် အောင်ချမ်းသာရွာ နှင့် အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူသုံးထောင်ကျော်သည် ချောင်ကူး၍ ခင်ဦးမြို့အရှေ့ဘက်ခြမ်းတွင် ခက်ခက်ခဲခဲဖြင့် စစ်ရှောင်နေရကြောင်း ခင်ဦးဒေသခံ အမျိုးသားတစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။ “မနက် ၇ နာရီလောက်ကနေ စရှို့တာဗျ။ အဲ့ဒီအောင်ချမ်းသာရွာက အိမ်ခြေတစ်ရာ့ငါးဆယ်လောက်ရှိတယ်ဗျ။ မနက်က ရှို့တဲ့ထဲမှာ ဘယ်လောက်လောက်ပါသွားလဲတော့ စာရင်းအတိအကျမပြုစုရသေးဘူး” ဟု ခင်ဦးနယ်မှ ဒေသခံတစ်ဦးက ပြောသည်။...



Most Read

2024-09-18 22:41:01