Breaking News >> News >> Kachin News Group (KNG)


ကချင် စစ်ရှောင် အိမ်ထောင်စု ၈၀ ကျော် ထပ်မံ နေရပ်ပြန်


Link [2022-05-26 00:59:57]



မြစ်ကြီးနား ဂျန်မိုင်ကောင် စစ်ရှောင်စခန်းနှင့် ဗက်လင်စစ်ရှောင်စခန်းမှ စစ်ရှောင်အိမ်ထောင်စု ၈၀ ကျော် ယနေ့ မေလ ၂၅ ရက်နေ့ ရေကျည်၊ တာပဒေါင်းကျေးရွာသို့ နေရပ်ပြန်ကြပြီ ဖြစ်သည်။ “နေရပ်ပြန်ပြီဆိုတာက KBC ကနေ မှ မနှစ်ကတည်းက အိမ်တွေလည်း ဆောက်ထားပြီးတာဆိုတော့ မနှစ်ကတည်းက ပြန်ဖို့ပြင်ဆင်ပေမဲ့ စစ်တပ်အာဏာသိမ်းလိုက်တာနဲ့ တိုက်ပွဲတွေက ပြန်ဖြစ်လာတာနဲ့ မပြန်ဖြစ်ကြတယ်။ ဒါပေမဲ့ အခုတော့ လုံခြုံမှုအာမခံ မရှိလည်း ဘာဘဲဖြစ်ဖြစ် ပြန်ရတော့မယ်ဆိုတဲ့ဘက် လှည့်လာကြတာဖြစ်တယ်။ အခုက သူတို့တွေ ပြန်လို့ရပြီဆိုတော့ အိမ်ဆောက်ထားပြီးတဲ့သူတွေဖြစ်ဖြစ်၊ အိမ်မရသေးတဲ့သူတွေဖြစ်ဖြစ် နာမည်ပြန်ထည့်ကြပြီး နေရပ်ပြန်ကြတာဖြစ်တယ်။” ဟု ဂျန်မိုင်ကောင်စစ်ရှောင်စခန်းမှ ပြည်သူတစ်ဦး ပြောသည်။ နေရပ်ပြန်ကြသူများတွင် ဂျန်မိုင်ကောင်စစ်ရှောင်စခန်းမှ အိမ်ထောင်စု ၈၀ ဝန်းကျင် လူဦးရေ ၄၀၀ ကျော် နှင့် လယ်ကုန်းရပ်ကွက် ဗက်လင် စစ်ရှောင်စခန်းမှ...



Most Read

2024-09-18 22:41:49