Breaking News >> News >> Kachin News Group (KNG)


တရုတ်ပြည်ကြီးရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အိမ်ပြန်ရန် အခက်အခဲဖြစ်နေ


Link [2022-04-19 16:53:30]



တရုတ်ပြည်ကြီးသို့ အလုပ်သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ကိုဗစ်-၁၉ အကြောင်းပြချက်‌ကြောင့် အလုပ်လုပ်ခွင့်မရတော့သည့်အပြင် နေရပ်ပြန်ရန်လည်း အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။ “အမတို့က ကွမ်တုံးမှာ ရှိနေတာ အခြေအနေက အရမ်းကိုဒုက္ခရောက်တယ် ပြန်လို့လည်း မရဘူး။ ဒီဘက်မှာ သူဌေးတွေကလည်း အလုပ်မခေါ်ကြတော့ဘူး အလုပ်တွေမခေါ်ကြတဲ့အတွက် အလုပ်လည်းမရှိ ပြန်လို့လည်း မရဘူး” ဟု မြန်မာ ရွှေ့ပြောင်း လုပ်သား ၁ ဦးက ပြောသည်။ ပြည်တော် ပြန်ရန်အတွက် မှောင်ခိုကားများရှိသော်လည်း ယင်းကားများသည် ကချင်ပြည်နယ်နှင့်ထိစပ်နေသည့် တရုတ်နိုင်ငံပေါက်ရှန်းပြည်နယ် အထိသာရောက်ပြီး လမ်းတွင် စစ်ဆေးမူများသည့်အတွက် ဖမ်းဆီးခံရမည့် အခြေအနေရှိသဖြင့် စိုးရိမ်နေ‌ကြကြောင်း ၎င်းကဆက်ပြောသည်။ ယင်းကဲ့သို့ ဖမ်းဆီးခံရပါက မိမိစရိတ်ဖြင့် ကွာရန်တင်းထပ်မံဝင်ရောက်ရသည့်အတွက် ပိုမိုခက်ခဲကြကြောင်း သိရသည်။ “ကွာရန်တင်းဝင်လည်း တချို့ဆိုလည်း ပိုက်ဆံမရှိကြတော့ဘူး နေစရာလည်းမရှိကြဘူး စားစရာလည်း မရှိကြတဲ့လူတွေလည်းအများကြီးပဲ”လို့...

The post တရုတ်ပြည်ကြီးရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အိမ်ပြန်ရန် အခက်အခဲဖြစ်နေ appeared first on Kachin News Group (KNG).



Most Read

2024-09-21 06:12:30