Breaking News >> News >> Kachin News Group (KNG)


မံစီမြို့နယ်တွင် စစ်ကောင်စီကားတစ်စီး မိုင်းနင်းမိသဖြင့် ပျက်စီး


Link [2022-04-18 21:13:37]



မံစီမြို့နယ် (Man Je) မဂျီဂုန် (Maji Gung) စစ်တပ်ဗျူဟာကုန်းမှ မိုင်းခေါင် (Mung hkawng) သို့ ဆင်းလာသော စစ်ကောင်စီတပ် စစ်ကားတစ်စီး ယနေ့ မွန်းလွဲပိုင်းက မိုင်းနင်းမိ ပေါက်ကွဲခဲ့ကြောင်း သိရသည်။ မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ကောင်စီအင်အား ၈၀ ခန့် မဂျီဂုန် စစ်ဗျူဟာကုန်းမှ မိုင်းခေါင်ဘက်သို့ ဆင်းလာချိန် လိုင်ကာဇွပ်ဂျာကျေးရွာအနီး မိုင်းနင်းမိပေါက်ကွဲခဲ့သော်လည်း စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု မရှိကြောင်း ဒေသခံတစ်ဦး KNG သတင်းဌာနကို ယခုလိုပြောသည်။ “ဒီညနေပိုင်း စစ်တပ်ဘက်က ဒီဘက်ကို ဆင်းလာချိန် လိုင်ကာဇွပ်ဂျာရွာ ကုန်းထိပ်နားရောက်တဲ့ချိန် မြုပ်ထားတဲ့ မိုင်းနင်းမိတယ်လို့ပြောတယ်။ ကြားဖြတ်ပစ်ခတ်တာတော့မဟုတ်ဘူး။ မြေမြုပ်မိုင်းနင်းမိပြီး စစ်သားတွေ ထိခိုက်မှုတော့မရှိဘူး။ ကားဘီးတစ်ခြမ်း ပျက်စီးသွားရုံပဲပြောတယ်။” စစ်ကောင်စီတပ်များသည် အဆိုပါ ကားတစ်စီးပေါ်တွင်...

The post မံစီမြို့နယ်တွင် စစ်ကောင်စီကားတစ်စီး မိုင်းနင်းမိသဖြင့် ပျက်စီး appeared first on Kachin News Group (KNG).



Most Read

2024-09-20 20:26:03