Breaking News >> News >> Kachin News Group (KNG)


မြစ်ကြီးနား ဧရာရုပ်ရှင်ရုံပြန်ဖွင့်သော်လည်း ကြည့်ရှုသူ နည်းပါး


Link [2022-04-18 21:13:37]



စစ်အာဏာသိမ်းကာလ မြစ်ကြီးနားမြို့ရှိ ဧရာရုပ်ရှင်ရုံကို ယမန်နေ့ ဧပြီ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း လာရောက်ကြည့်ရှူသူ နည်းပါးနေကြောင်း သိရသည်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကျော်ကြာပိတ်ထားသည့် ဧရာရုပ်ရှင်ရုံကို စစ်ကောင်စီမှ ဧပြီလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။ “မနေ့ကစဖွင့်လိုက်တယ် ရုပ်ရှင်ရုံက ကျနော့အိမ်ကနေ လှမ်းမြင်နေရတော့ လာကြည့်တဲ့သူများတယ်။ နည်းတယ်ဆိုတာ မြင်နေရတယ်။ ဒီနှစ်ရက်မှာတော့မရှိဘူး နည်းတယ်။ ရုံရှေ့မှာ ဆိုင်ကယ် ၄စီး၊ ၅ စီး လောက်ပဲ ရပ်ထားတယ်ဗျ။ လာတဲ့သူက မရှိသလောက်ကိုနည်းတယ်”ဟုရုပ်ရှင်ရုံအနီးနေထိုင်သည့် အမည်မဖော်လိုသော အမျိုးသားတစ်ဦး ပြောသည်။ ဧရာရုပ်ရှင်ရုံတွင် မြန်မာရုပ်ရှင်ကားများပြသည့် ရုံ (၁)နှင့် နိုင်ငံခြားရုပ်ရှင်ကားများပြသည့် ရုံ (၂)ဟူ၍ ရှိပြီး လတ်တလော နှစ်ရုံစလုံးဖွင့်လှစ်ပြသပေးလျက်ရှိသော်လည်း ကိုဗစ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်သည့် အခြေအနေများကြောင့် မကြည့်ဖြစ်သေးကြောင်း...

The post မြစ်ကြီးနား ဧရာရုပ်ရှင်ရုံပြန်ဖွင့်သော်လည်း ကြည့်ရှုသူ နည်းပါး appeared first on Kachin News Group (KNG).



Most Read

2024-09-20 23:00:39