Breaking News >> News >> Kachin News Group (KNG)


အင်းတော်ကြီးဒေသ ရွှေလက်ပံရွာတွင် လေပြင်းတိုက်ခတ် လူနေအိမ်အများအပြားပျက်စီးခဲ့


Link [2022-04-18 21:13:37]



ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသရှိ ရွှေလက်ပံကျေးရွာတွင် ယမန်နေ့ ဧပြီ ၁၇ ရက်နေ့ ညက လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အများအပြားပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ည ၁၁ နာရီခွဲအချိန်မှ စတင်၍အင်းတော်ကြီးဒေသ ရွှေလက်ပံ့ကျေးရွာအတွင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယင်းလေပြင်းတိုက်ခတ်မှုကြောင့် ရွှေလက်ပံ့ကျေးရွာမှ လူငယ်အိမ်အများအပြား ပျက်စီးခဲ့ကြောင်း ရွှေလက်ပံကျေးရွာနေအမျိုးသားတစ်ဦးက KNG သို့ပြောသည်။ “တစ်ရွာလုံးနီးပါးပဲ သွပ်တွေလှန်ပျံပြီးမှ သစ်ပင်တွေပြိုလှဲတာ အခိုင်အမာအိမ်တွေ တော့နည်းနည်းခံသာတယ် တချို့သွပ်ညပ်တဲ့ အိမ်တွေဆိုရင်တော်တော်များများကိုဖြစ်သွားတာ”ဟု ရွှေလက်ပံကျေးရွာနေ အမျိုးသားတစ်ဦးကပြောသည်။ ရွှေလက်ပံကျေးရွာသည် အိမ်ခြေ ၁၅၀၀ ကျော်ရှိပြီး ယင်းလေပြင်းတိုက်ခတ်မှုကြောင့် အမိုး၊အကာ များဆိုးဆိုးရွားရွား ပျက်ဆီးထိခိုက်မှုမှာ အိမ်ခြေ ၅၀ ခန့်ရှိပြီး အနည်းအကျဥ်းထိခိုက်ပျက်စီးမှုမှာ ၈၀ နီးပါးနှင့်ကျေးရွာဘုန်းကြီးကျောင်း စာသင်ကျောင်း အမိုးများထိခိုက်ပျက်ဆီး ခဲ့သောကြောင့် ပျက်ဆီးထိခိုက်မှုများခဲ့ကြောင်းသိရသည်။ နေအိမ်များပျက်ဆီးထိခိုက်မှုအပြင် သစ်ပင်ပြိုလဲခြင်း၊...

The post အင်းတော်ကြီးဒေသ ရွှေလက်ပံရွာတွင် လေပြင်းတိုက်ခတ် လူနေအိမ်အများအပြားပျက်စီးခဲ့ appeared first on Kachin News Group (KNG).



Most Read

2024-09-21 05:59:28