Breaking News >> News >> Kachin News Group (KNG)


ဧရာဝတီ မြစ်ရေ ထပ်မံ မြင့်တက်လာနိုင်ကြောင်း ပြည်နယ်မိုးဇလ သတိပေးထား


Link [2022-04-16 05:53:29]



ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် လက်ရှိအခြေအနေထက် ထပ်မံ မြင့်တက်လာနိုင်သောကြောင့် မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုးနေထိုင်သူများ၊ ခရီးသွားလာသူများ ဂရုစိုက်သင့်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ယနေ့ ထုတ်ပြန်ထားသည်။ ဧပြီလ ၁၅ရက်နေ့ နံနက် ၉နာရီခွဲချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် (၅၆၆) စင်တီမီတာမှ နေ့လည် ၁၂နာရီခွဲ တိုင်းထွာချက်တွင် (၅၉၂) စင်တီမီတာသို့‌ ၁နာရီတွင် ၁ပေနူန်းဖြင့် မြင့်တက်နေသောကြောင့် နောက်ထပ် ၄ ရက်အတွင်း မြစ်ရေ ထပ်မံတက်လာနိုင်သည့်အတွက် ကချင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှတာဝန်ရှိသူက‌ ယခုလို ပြောသည်။ “အဓိကမြစ်ရေကတော့ ပူတာအိုဘက်က ခေါင်လန်ဖူး၊ ပန်နန်းဒင်၊ နောင်မွန်း အဲဘက်ကရှိတဲ့ရေခဲတောင်ပေါ်ဒီချိန်က မိုးရွာတယ်။ ပြီးတော့အပူချိန်ကလည်းများလာတော့ရေခဲရေအရည်ပျော်ပြီးဆင်းတယ်။ အဲမှာမိုးရွာတော့ ရေခဲကို ရေနဲ့လောင်းလိုက်သလိုဘဲ။ ရေခဲရေလည်း ပါလာတော့ ပိုများတယ်။...

The post ဧရာဝတီ မြစ်ရေ ထပ်မံ မြင့်တက်လာနိုင်ကြောင်း ပြည်နယ်မိုးဇလ သတိပေးထား appeared first on Kachin News Group (KNG).



Most Read

2024-09-21 06:05:28