Breaking News >> News >> Kachin News Group (KNG)


မချမ်းဘောမြို့နယ် မန်နူကျေးရွာတွင် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေ


Link [2022-04-14 18:34:11]



ပူတာအိုခရိုင် မချမ််််််းဘော့မြို့နယ် မန်နူကျေးရွာအုပ်စုရှိ ပြည်သူများ ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရသည်။ မန်နူကျေးရွာတွင် နေထိုင်သောပြည်သူများသည် စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်းတွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း ကျေးရွာရှိ ပြည်သူတစ်ဦးထံမှ သိရသည်။ “ဆေးနဲ့ပတ်သက်ပြီး တော်တော်ခက်ခဲတယ်။ ရာသီပေါ်တုပ်ကွေး၊ အစာအိမ်နှင့် သွေးတိုး အများဆုံးပဲ၊ အခုက ဆေးဆိုင်မှာ ဆေးစပ်ပြီး ဝယ်စုထားရတယ်၊ NGO တွေတော့ တခါတလေပဲ ရောက်တယ်၊ ကျွန်တော်ဆေးဝယ်စုထားတဲ့ထဲကပဲ လိုအပ်တဲ့သူကို လာယူစားခိုင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ရာသီပေါ်တုပ်ကွေးအဖြစ်များပြီး လူကြီးများတွင် အစာအိမ်နှင့် သွေးတိုးရောဂါ အဖြစ်များကြောင်းလည်း သိရသည်။ NGO အဖွဲ့အစည်းများ တစ်ခါတစ်ရံရောက်ရှိသော်လည်း HIV၊ AIDS နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ပတ်သက်သော ဆေးကုသမှုနှင့် အသိပညာပေးမှုကိုသာ...

The post မချမ်းဘောမြို့နယ် မန်နူကျေးရွာတွင် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေ appeared first on Kachin News Group (KNG).



Most Read

2024-09-21 05:42:10