ကချင်ပြည်နယ် ရွှေကူမြို့မှ ကျောက်ကြီးရွာ ဘက်သို့ စုန်ဆင်းလာသည့် စစ်ကောင်စီတပ် စစ်ရိက္ခာတင် စက်လှေတစ်စီး မြို့လှ PDF တပ်ဖွဲ့က ဧပြီလ ၁၃ ရက်နေ့ ည ၆ နာရီဝန်းကျင်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကျောက်ကြီး တပ်ရင်းမှူးတစ်ဦး၊ ကျောက်ကြီး ရဲစခန်းမှူးတစ်ဦးအပါ စစ်အင်အား ၈ ဦး လိုက်ပါလာသည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်စက်လှေ ၁ စီးကို မြို့လှ KPDF တပ်ခွဲ (၃) မှ တပ်ခွဲမှူး လမ်းခုလတ်မြစ်ကမ်းတနေရာတွင် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြို့လှ KPDF မှာ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ကျနော်တို့အဖွဲ့က သတင်းရလို့သွားစောင့်ပြီးတော့ RPG ရော လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်။ ထိရောက်မူအပိုင်းကတော့ သေချာမသိရဘူး။ ဘာလို့လဲဆိုရင် အချိန်ကလည်း ၆နာရီခွဲဆိုတော့...
The post စစ်ကောင်စီတပ်၏ စစ်ရိက္ခာတင် စက်လှေ ၁ စီး ပစ်ခတ်ခံရ appeared first on Kachin News Group (KNG).
2024-11-11 00:13:55