Breaking News >> News >> Kachin News Group (KNG)


ချောင်းဝ ရွာ တံတားအနီး ကင်းစောင့်နေသည့် စစ်ကောင်စီကင်းတဲ တိုက်ခိုက်ခံရ


Link [2022-04-13 01:02:20]



ကသာနယ် ချောင်းဝရွာ တံတားအနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်၏ ကင်းတဲကို မြို့လှ PDF တပ်မှ ယမန်နေ့ည ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဧပြီလ ၁၁ ရက် ည ၁၂ နာရီဝန်းကျင်ခန့်တွင် တံတားအနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ကင်းစခန်းအား H-22 လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိနိုင်ကြောင်း မြို့လှ PDF တာဝန်ရှိသူတစ်ဦး ပြောသည်။ “ကင်းတဲအထဲကိုထိထိမိမိ ပစ်ထည့်လိုက်နိုင်တာ သူတို့ဘက်က ပြန်ပစ်ဖို့နေနေသာသာ အသံတောင်ထွက်မလာတော့ဘူး” ဟု မြို့လှ PDF တပ်မှ တာဝန်ရှိသူကပြောသည်။ အဆိုပါကင်းတဲတွင် စစ်ကောင်စီ တပ်အင်အား ၇ ဦး ထက်မနည်းရှိကြောင်း သိရသည်။ “သေဆုံးတဲ့အခြေနေတော့ အသေးစိတ်မသိရဘူး ဘာလို့လဲဆိုရင် သူတို့က အလောင်းဖွက်တာ...

The post ချောင်းဝ ရွာ တံတားအနီး ကင်းစောင့်နေသည့် စစ်ကောင်စီကင်းတဲ တိုက်ခိုက်ခံရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 01:22:19