Breaking News >> News >> Kachin News Group (KNG)


မြန်မာ ကုန်ကားသမားများ တရုတ်ပြည်ထိ ဝင်ရောက်ခွင့် ပြန်ရနေ


Link [2022-04-13 01:02:20]



မိုးမောက်မြို့နယ် ကချင် တရုတ်နယ်စပ် လွယ်ဂျယ်-လိုင်းရင်း ကုန်သွယ်ရေးလမ်းကြောင်းတွင် ကိုဗစ်-၁၉ ကြောင့် မြန်မာကားသမားများ တရုတ်ပြည်ထိ ဝင်ရောက်ခွင့် တရုတ်အစိုးရဘက်က ပိတ်ပင်ထားခဲ့ရာ ဧပြီလ ၃ ရက်နေ့ ပြန်လည် ဝင်ရောက်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ ”ဆယ်ရက်လောက်ရှိပြီဗျ သွားနေတာက အခု မြန်မာကားသမားတွေကို တရုတ်ပြည်ထိဝင်ခိုင်းပြီ တရုတ်ပြည်ထိ မောင်းဝင်တဲ့စနစ်နဲ့ဝင်ခိုင်းပြီး” ဟု ဗန်းမော်ခရိုင် သီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြင့် တရုတ်နိုင်ငံသို့ တစ်သျှူး ငှက်ပျော၊ ပြောင်း ဆန်၊ကြံ များတင်ပို့သည့်သီးနှံကားသမားများသည် ကိုဗစ်ကပ်ရောဂါ ပထမလှိုင်း နောက်ပိုင်းမှစကာ တရုတ်နိုင်ငံထိ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခံခဲ့ရသည်။ ယခုကဲ့သို့ ကားသမားများဝင်ခွင့် မရခြင်းသည် ကုန်သွယ်ရေးနှောက်နှေးမှု ဖြစ်စေသည့်အပြင် ကုန်ကားသမား များအတွက်...

The post မြန်မာ ကုန်ကားသမားများ တရုတ်ပြည်ထိ ဝင်ရောက်ခွင့် ပြန်ရနေ appeared first on Kachin News Group (KNG).



Most Read

2024-09-21 01:22:19