Breaking News >> News >> Kachin News Group (KNG)


ကလေး နတ်ချောင်း စာသင်ကျောင်းနှင့် လူနေအိမ် ၁၀၀ ဝန်းကျင်ခန့် ထပ်မံ မီးရှို့ဖျက်ဆီးခံရ


Link [2022-04-13 01:02:20]



စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကလေး-ဂန့်ဂေါလမ်းမပေါ်ရှိ နတ်ချောင်းကျေးရွာမှ ပညာဗမ္မာန် ကိုယ်ပိုင် အထက်တန်းကျောင်း အပါအဝင် လူနေအိမ် ၁၀၀ နီးပါးခန့်ကို စစ်ကောင်စီတပ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းမြစ်များထံမှ သိရသည်။ “မနေ့က လာရှို့တာ မီးငြိမ်းဖို့သွားတဲ့သူတွေကိုလည်း စစ်သားတွေက လှမ်းပစ်လို့ တစ်ချို့အိမ်တွေဆို လောင်နေတာမြင်ရက်နဲ့ ဘာမှမလုပ်နိုင်ခဲ့ကြဘူးလို့ သိရတယ်” ဟု ဒေသရင်းမြစ်တစ်ဦးက ပြောသည်။ နတ်ချောင်းကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှစတင်ကာ ယခုလအထိ စစ်ကောင်စီတပ်များ ၇ကြိမ်ထက်မနည်း ဝင်ရောက်ခဲ့ပြီး လူနေအိမ်စုစုပေါင်း ၁၅၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂၀ ဦးထက်မနည်းကို ဒီဇင်ဘာလ ၂၄ ရက်နေ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး အချို့မှာ လွတ်မြောက်သွားခဲ့သည်။ ဇန်နဝါရီလဆန်းပိုင်းတွင် ပြည်သူအချို့ ပြန်လည်နေထိုင်လာခဲ့ကြသော်လည်း ဖေဖော်ဝါရီလ ၂ရက်နေ့...

The post ကလေး နတ်ချောင်း စာသင်ကျောင်းနှင့် လူနေအိမ် ၁၀၀ ဝန်းကျင်ခန့် ထပ်မံ မီးရှို့ဖျက်ဆီးခံရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 05:45:54