Breaking News >> News >> Kachin News Group (KNG)


မွေးမြူရေး ကြက်ခြံ မီးလောင်သဖြင့် ကြက်အကောင်တစ်ရာကျော်နှင့် ကားတစ်စီးမီးလောင်


Link [2022-04-11 19:53:28]



မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက်ရှိ မွေးမြူရေး ကြက်ခြံတစ်ခြံ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကြက်အကောင်ရေ တစ်ရာကျော်နှင့် အိမ်စီးကားတစ်စီး မီးလောင်သွားကြောင်း သိရသည်။ ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြို့သစ်ကြီး နယ်မြေ (၄) ရှိ မွေးမြူရေးကြက်ခြံတွင် မီးလောင်မှုဖြစ်ခဲ့ရာ ခြံအတွင်းရှိ ကြက်နှင့် ကြက်ခြံဘေးတွင် ထားသည့် အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ခဲ့ကြောင်း ဖြစ်စဥ်သိသူ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ”မနက်အစောကြီးထလောင်တာဗျ။ သူတို့ပြောတာက အဲ့ဒီကြက်ခြံမှာ ကြက်သားပေါင်လေးတွေကို လျှပ်စစ်မီးနဲ့ အပူပေးတာ ဝါယာလျှော့ဖြစ်ပြီးမှ မီးစလောင်တာ ခြံထဲက မွေးမြူရေးကြက် အကြီးတွေအကောင် နှစ်ရာနီးပါးပါသွားတယ်ပြီးတော့ အိမ်စီးကား ဟွန်ဒါတစ်စီးပါသွားတယ်” ဟု ယင်းအမျိုးသားကပြောသည်။ မီးလောင်ဆုံးရှုံးလိုက်ရသည့်...

The post မွေးမြူရေး ကြက်ခြံ မီးလောင်သဖြင့် ကြက်အကောင်တစ်ရာကျော်နှင့် ကားတစ်စီးမီးလောင် appeared first on Kachin News Group (KNG).



Most Read

2024-09-21 05:42:25