Breaking News >> News >> Kachin News Group (KNG)


မိုးညှင်းမြို့ နှင့် မော်ဟန် ကြား ရက်ပိုင်းအတွင်း စစ်တပ်ဂိတ် ၄ ခု တိုးလာ


Link [2022-04-11 19:53:28]



ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် မော်ဟန်ကျေးရွာကြား ကားလမ်းပိုင်း၌ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အသစ် ၄ ခု ထပ်တိုးလာပြီး ခရီးသွားပြည်သူများကို စစ်ဆေးမှု ပိုများလာကြောင်း သိရသည်။ အဆိုပါ စစ်ရေးဂိတ် ၄ ခုကို ယခုလ ဧပြီလ ၅ ရက်နေ့ နောက်ပိုင်းတွင် တည်ဆောက်လာခြင်းဖြစ်သည်ဟု မော်ဟန်ကျေးရွာနေအမျိုးသားတစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။ “မိုးညှင်းကနေ မော်ဟန်ထိကို ၄ ဂိတ်ရှိတယ်။ ဆောက်တာမကြာသေးဘူးဗျ။ လေးရက် ငါးရက် လောက်ပဲရှိဦးမယ်။ ဆိုင်ကယ်တွေကတော့ ပုံမှန်လိုပဲ အမေးအမြန်းမရှိဘူး သွားလာလို့ရပါတယ်။ အဓိကတော့ကတော့ ကားတွေပါပဲ ကားတွေကတော့ သူတို့မေးမြန်းတယ်။ ရှာစရာရှိတာတွေရှာတယ်ဗျ။” ဟု မော်ဟန်ကျေးရွာနေအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ စစ်ဆေးရေးဂိတ်များကို မိုးညှင်း မော်ဟန်ကျေးရွာကြားရှိ စစ်တပ်စခန်းနှင့် နီးသည့်နေရာများတွင်...

The post မိုးညှင်းမြို့ နှင့် မော်ဟန် ကြား ရက်ပိုင်းအတွင်း စစ်တပ်ဂိတ် ၄ ခု တိုးလာ appeared first on Kachin News Group (KNG).



Most Read

2024-09-20 21:17:35